ဆုတောင်းခြင်း နှင့် သစ္စာဆိုခြင်း

ငယ်ငယ် တုန်းက ကျောင်းမှာ သင် ရတဲ့ သုဝနသာမ(စာလုံးပေါင်း သည်းခံ) ထဲမှာဆိုရင် မင်းသားရဲ့ မိခင် (နာမည်မသိ) က သစ္စာဆိုလို့  လိုရာ ဆုတွေ ပြည့်တယ် ဆိုတာ ကို ဖတ်ခဲ့ဖူးပါတယ် ။

အဲလိုပဲ အမေကလည်း သစ္စာဆို ရင် လိုချင်တာဖြစ်တယ် လို့ ပြောခဲ့ ဖူးပါတယ် ။

သူ့ ငယ်ငယ်တုန်းက ကိုယ်တွေ့ ဖြစ်ရပ်တွေ ကို ပြန်ပြန်ပြောပြ ပြီး “အဲလို သစ္စာ ဆိုလိုက်တာ သားရေ..ဘယ်လိုဘယ်လို သားရေ… အဲလိုနဲ့  ပြည့်ရော ”  လို့ ခနခန ပြောပါတယ်။

ဥပမာတစ်ခု ပြောရရင်ကျွန်တော် အသက်သုံးနှစ် ငယ်ငယ် တုန်းက ဧရာဝတီ မြစ်ထဲ ကို ဇက်နဲ့  ဖြတ်ကူးတုန်း  မုန်တိုင်း ကျတာ ခံရဖူးပါတယ်။ (အဲတုန်းက ဇက်ဆိုတာ ရှေ့ မှာ ပဲထောင် လိုလို လှေလိုလို ဟာက ဆွဲပြီး နောက်က ဖောင် ပါတာလေ နွားလှည်းလိုပဲ ရှေ့ က လှေ နှစ်စီး နောက်က ဖောင်တစ်ခု ဖောင်ပေါ်မှာ လူတွေရော ကားတွေ့ ရော ပါတယ်) မြစ်ထဲမှာ ဆိုတော့ မိုးကလည်း သည်းကြီးမဲကြီး ရွာ..  ဇက်မောင်းတဲ့သူလည်း ရှေ့ ကို သဲသဲ ကွဲ ကွဲ မမြင်ရဘူးလေ။ အဲလိုနဲ့ စမ်းတဝါးဝါး  နဲ့ မောင်းရင်း လမ်းပျောက်နေတယ် ဆိုပါတော့ ဗျာ….

အဲ….. အဲမှာ အမေက သစ္စာ ဆိုလိုက်တာ ကျွန်တော် တို့ ကမ်းကိုတွေ့သွားတယ် ဆိုပါတော့ဗျာ။ (တိုက်ဆိုင်တာလည်း ဖြစ်ချင် ဖြစ်မှာပေါ့)

အမေက အဲဒါတွေ ပြန်ပြောရင်း သားလည်းလိုချင်တာ ရှိရင် အဲလို သစ္စာဆို ပြီး ဆုတောင်း  ရင် ပြည့်တယ် ဆို ပြီး ပြောပါတယ်။ ကျွန်တော် မှတ်မိသလောက် ၅ တန်းကနေစပြီး ၁၀ တန်းလောက်အထိ သစ္စာလည်း ဆို ဘုရားမှာလည်း ဆုတောင်း အခွင့်ကြုံရင် ကြုံ သလို လုပ်ပါတယ်။ ရွှေတိဂုံဘုရား ရောက်လည်း ဆိုတောင်းပါတယ် ။ ဘယ်ဘုရားရောက်ရောက်ဆုတောင်းပြည့် စေတီ ပါတာနဲ့  ဆုတောင်း ပါတယ်။ စိတ်ပုတီးတောင် တစ်ရက်ကို ၁၀ ပတ်နဲ့  ၁နှစ် နီးပါ စိတ်ပြီး ဆုတောင်းပါတယ် ။ “အရှင် ဘုရား တပြည့်တော် Nitendo ဂိမ်းစက်ရလို ပါ၏ ” ဆိုပြီးတော့ လေ။ ၅ နှစ်လောက်တောင်းလာ လိုက်တာ မပြည့်ပါဘူး ဗျာ။ အဲ့ ထဲ က စပြီး ဆုတောင်းတာ ရော သစ္စာဆိုတာရော အယုံအကြည် မရှိတော့ဘူး ။ အမေ့အတွက်တော့ ဖြစ်ချင်ဖြစ်မှာပေါ့ ။ ကျွန်တော်က တော့ ဘာမှ လည်း ဟုတ်တဲ့ကောင် မဟုတ်တော့ ဘာမှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး လေဆိုတာပဲ ။ ကောင်းမှု ကုသိုလ် များများ စားစား လုပ်တဲ့ သူလည်း မဟုတ်တော့ လိုတိုင်း တရမယ် မထင်တော့ဘူး ။  ကျွန်တော့် သူငယ်ချင်းတစ်ချို့ ဂုဏ်တော် ကိုးပါး (လို့ထင်တာပဲ) ပုတီးတွေ ဘာတွေ စိတ်တာတွေ ရှိပါတယ်။ ပြီးရင် ဆုတစ်ခုတောင်း ပြည့်တယ် ဆိုပဲ။ ကျွန်တော်တော့ မယုံပေါင်။ တစ်ယောက်ဆို ဂိမ်းဆော့ဖို့ သွားခေါ်တာ ၁၅ မိနစ်စောင့် ဆိုလို သူစိတ်ပုတီးစိတ်တာ ထိုင်စောင့် နေခဲ့ရဖူးတယ်။ သူ့ဆုတောင်းလည်း ပြည့်ခဲ့ပုံ မရပါဘူး)

ကိုယ်လိုချင်ရင် ရအောင် ကိုယ့်ဖာသာ ကို လုပ်ရမယ် ဆိုတဲ့ အသိစိတ်က ဝင်လာတာပေါ့ဗျာ။ လူကြီးတွေ ကို ကန်တော့ လို့ သူတို့ ဆုပေးရင် လည်း ပေးတဲ့ဆုနဲ့ ပြည့်ပါစေဆိုတာ ဝတ်ကျေတန်းကျေ သဘောမျိုးပြောတာပါ။ သူတို့ပေးတိုင်းလည်း ပြည့်မယ် မထင်…။

ဘာပဲ ဖြစ်ဖြစ် ကိုယ်လိုချင်ရင် ကိုယ့်ဖာသာကိုယ် လုပ်ယူမှ ရမယ်။ ဘုရား ဆိုတာ ဆုတောင်းဖို့  မဟုတ်ဘူး။

(အမှားပါရင် ခွင့်လွှတ်ပါ)

NyanG

About crazeandroider

juz blogging

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: