မတူညီတဲ့ ဘဝ နှစ်ခု (၁)

တစ်ခါတစ်လေ တော့လည်း မတူညီတဲ့ ဘဝနှစ်ခု ပေါင်းစည်း ဖို့ဆိုတာ အခက်သား နော်……
မတူညီတဲ့ အတိတ်နှစ်ခု ဟာ တူညီတော့မယ့် အနာဂတ်တစ်ခု အတွက်ကို ငြင်းကြခုန်ကြ ကတောက်ကဆဖြစ်ကြနဲ့…..
ကျွန်တော်က တော့ငယ်ငယ်ကတည်းက အဖိုး အဖွားနဲ့ အတူနေလာတာဆို တော့ သူတို့ ရဲ့ သွန်သင်ဆုံးမမှုတွေ အောက်မှာ အဖိုးတွေးသလို အဖွားစဉ်းစား သလိုပဲ အရာရာကိုစဉ်းစား မိနေတတ်တယ်
အဖေနဲ့ နေတာ များရင်တော့ အဖေ တွေးသလိုစဉ်းစားသလို ဖြစ်သွားမလား ပဲ…။ အခု တော့ အဖိုး အဖွားတွေ လိုသာတွေးနေစဉ်းစားနေတတ်တော့တယ်

အဖွား က ငွေဆိုတာ ကို မကုန်သင့်မကုန်ရအောင် အတတ်နိုင်ဆုံး အရိုးရှင်းဆုံး နေတတ်အောင် ဘဝကို ရိုက်သွင်းထားခဲ့တယ်။ ကျွန်တော့် အဒေါ်တွေ ဦးလေး တွေ လည်း သူတွေး သလိုမျိုး ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ နေလာတတ်ကြတယ်။
ကျွန်တော် အမေဆိုလည်း အဲလိုပဲ။ ပါတိတ်ဝမ်းဆက်တွေ ရှိတာတောင် မှ အကျီ င်္ သပ်သပ် ထမီသပ်သပ် ဝတ်တတ်တဲ့ သူ ၊ သူများ တွေ မျက်လုံး ထဲမှာ သူလိုကိုယ်လို ပဲ ဖြစ်အောင် ရိုးရိုးအေးအေးပဲ နေတတ်တယ်။

ကျွန်တော့်ချစ်သူ မက တော့အဲလိုမဟုတ်ပါဘူး ။ ငယ်ငယ် ကတည်းက အဖေ အမေနဲ့ နေလာခဲ့ရတော့ သူတို့ ရဲ့ ချစ်ခြင်းကို ခံခဲ့ရမှာ ပေါ့ ။ သူအမေနဲ့ စကားပြောရင် ချွဲတာ နွဲ့တာ ကိုလည်း မကြားချင်မှ အဆုံး ပါ ။ အစကတော့ နည်းနည်း အမြင်ကတ်တာပေါ့ဗျာ
ကျွန်တော့်တုန်း က ချွဲလည်း မချွဲခဲ့ရဘူး အနွံတာလည်း ဘယ်သူမှ မခံကြဘူးလေ ။ ကျွန်တော်ဆိုတဲ့ ကောင်ကလည်း ကိုယ်မလုပ်တာကို သူများကို မလုပ်စေချင်ဘူး ။အဲ့တာ အကြီးမား ဆုံး ပြသနာပဲ။

မ က ငယ်ငယ် ကတည်းက သူလိုချင်တာ ကို သူ့အမေတွေအဖေတွေက ပေးကြတယ် လေ အဲတော့ လိုချင်တာ မရရင် ငိုတတ်လာတယ် စိတ်ကောက်တတ်လာတယ် စိတ်ဆိုးတတ်လာတယ်
ကျွန်တော်က တော့ ငယ်ငယ် ကတည်း က လိုချင် တွေ တာ မရခဲ့ဘူးလေ ။ ကျွန်တော်ငယ်ငယ်တုန်းက ဆိုရင် အဝတ်အစား အသစ်ဆိုတာ မရှိသလောက်ပဲ ။ ဦးလေး နဲ့ မတန်တာတွေ သူက မဝယ်ဖြစ်လို့ ပေးတဲ့ဟာတွေ ပဲ ဝတ်လာရတာပါ ။ ကျွန်တော် ငယ်ငယ်တုန်းက ဆို အရုတ်တွေ ဘာတွေလည်း မရှိ ဘူး ။ အဖေ ဝယ်ပေးတဲ့ သံစုံမြည်တဲ့ ဓါတ်ခဲ သေနတ်တစ်ခု ပဲ ရှိပါတယ် ။ ဦးလေး က အတန်းထဲမှာ ဆုရလို့ မုန့်ဖိုးပေးတဲ့ ၅၀၀၀ တောင်မှာ မသုံး ဖြစ်ခဲ့ပဲ အဖေရဲ့ အကူအညီနဲ့ ဘဏ်မှာ အကောင့်ဖွင့် ပြီး စုခဲ့တဲ့သူမျိုးပါ ။ ပူု ဆာတိုင်း မရခဲ့တဲ့ အတွက် ပူလည်း မပူဆာတတ်တော့ ဘူး ။ အဲတော့ တစ်ခုခု လိုချင်တာ ရှိရင်လည်း အရင်ဆုံးစဉ်းစားတာက ဒါကြီး ငါ့မှာ မရှိရင်ကော ငါဘာဖြစ်သွားမှာလဲ ပေါ့။ ဘာမှ မဖြစ်တော့ဘူးဆိုရင်တော့ မလိုချင်တော့ဘူး လေ ။

မကတော့ အဲလိုမဟုတ်ဘူး အခု အသက်အရွယ် ရောက်နေတဲ့အထိ သူများ ဝယ်တာ မဝယ် နိုင်လို့ ငိုရတာနဲ့ သူများ ရတာ မရလို့ ဝမ်းနည်းရတာ နဲ့ သူလိုချင်တာ ပူဆာတာ ဝယ်မပေးနိုင်လို့ စိတ်ကောက်ရတာနဲ့ အခု ဒီစာရေးနေတုန်းတောင် လေသံမာမာနဲ့
good night ဆိုပြီးနှုတ်ဆက်သေးတယ် ။ သူက စိတ်သာဆိုးနေတာပါ ကျွန်နော့်ကိုတော့ ဂရုစိုက်ပါတယ် ။ အခုလည်း သူလိုချင်တာ မရလို့ စိတ်ဆိုးနေတယ်လေ ။

သူက ငယ်ငယ်ကတည်း က မွေးနေ့ပွဲတွေ လုပ် ကိတ်မုန့်တွေ လှီး ဖယောင်းတိုင်တွေ မှုတ်နဲ့ပေါ့ ။ ကျွန်တော် က တော့ ကိုယ့်မွေးနေ့တောင် ကိုယ်မမှတ်မိပါဘူး ။ ဆယ်တန်း form တင်တုန်းက တောင် ၂၈ ရက် ၇ လနဲ့ ၂၇ ရက် ၈ လ ဘယ်ဟာ က ကိုယ့်မွေးနေ့ မှန်း မသိခဲ့တဲ့ ကောင်ပါ ။ ကျွန်တော်သာ မက ကျွန်တော်တို့ အိမ်က မိသားစုတွေ အကုန်လုံး အဲ့လိုပဲ ပကာ သန ကို မမက်ကြဘူးလေ ။ အခုလည်း သူ့ မွေးနေ့မှာ ဝတ်ဖို့ ဂါဝန် အဖြူလေး ဦးထုပ် အဖြူလေး ဝယ် ပေးဖို့ ပြောတာ ကျွန်တော် က အဲလိုမဖြစ်သင့်ဘူးလို့ ပြောတာကို စိတ်ကောက်နေလေရဲ့ ။ အော် မရယ် မတူညီခဲ့တဲ့ ဘဝ နှစ်ခု က လာတဲ့သူ တွေ ပဲ ကျွန်တော့်ကို မသနားဘူးလား ။ ကျွန်တော် အဲလိုမျိုး အယူအဆတွေကို မက နားမလည်ဘူးလား ။ နားတော့ လည်မယ်ထင်ပါတယ် ဒါပေမယ့် လက်ခံ သဘောတူနိုင်ဖို့ ကတော့…………………..

Tags:

About crazeandroider

juz blogging

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: